Monday, March 11, 2013

စုစည်းမှု

*လုပ်ချင်မှလုပ်*
------------------------------

“မင်းတာဝန်ယူရမှာ ဒီဂိုဒေါင်ဆယ်လုံးပဲ”
“ပေးတဲ့လစာက မနည်းဘူးလားခင်ဗျာ”
“အိပ်ရာပြောင်းအိပ်တဲ့ လစာလို့ သဘောထားလေ”
“မင်းအိမ်မှာ အိပ်မယ့်အစား ဒီမှာလာအိပ်ရတာ ဒါတွေက မြေတူးစက်ကြီးတွေထားတဲ့ဂိုဒေါင်ကွ”


*ဖွင့်မယ်*
------------------------------

“မန်နေဂျာကြီး လာပါဦး”
“ပြောပါသူဌေး”
“ရှေ့ခန်းမှာ စာရေးမဘယ်လောက်ခန့်ထားတာလဲ ”
“ဆယ်ယောက်ပါ”
“အင်း ဆယ်ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာ နေရာပေးဖို့ဆံ့မှာ မဟုတ်ဘူး။
ဒီတော့လက်သမားဆရာ ခေါ်ဗျာ”
“ဘာလုပ်မှာလဲဆရာ”
“ခန်းဆီးတွေ ဖြုတ်ခိုင်းမယ်”




မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်

ဆရာမ။ ။ မနီ ကမ္ဘာ ကြီးကို ဘယ်သူဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမနောက် တွင် ထိုင်နေ သော ကိုဖြိုးမှ ဘော့ပင်နှင့် ထိုး၍
သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲသမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့်ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍
သတိ ပေး ရပြန် သည်။

မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက်ကလေး မွေးပြီးတဲ့
နောက်မှာ ဧဝ က အာဒမ်ကိုဘာပြောခဲ့ လည်း ။

ဒီတစ်ခါတော့ ကိုဖြိုး အိပ်ပျော်နေသော မနီကိုဘော့ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။
မနီ အတော်နာသွားသည်။

ထို့ကြောင့် အိပ်ယာမှနိုးလာသဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ်ခါ ငါ့ကိုထပ်ထိုးရဲထိုးကြည့် ၊ နင့် ဟာကိုထက်ပိုင်းချိုးပစ်မယ်...

ဆရာမခမျာ ဘုမသိဘမသိ ဖြင့် သတိလစ်သွားရှာသည်။



*ဒီအတိုင်းပါပဲ။*
------------------------------

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့်
အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။


ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။


'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'


'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီးပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'








 

Monday, February 25, 2013

၎ လုံး ၅၀၀ တန်တယ်ဆိုပဲ.

မနေ့က ပါ.. TVB 8 ကနေ မြန်မာပြည်အကြောင်းလေး ပါတယ်.. ကိုးရီးယား က မြန်မာပြည်လာပီး လျှောက်သွားတာကို ရိုက်ထားတာပါ..

ကိုရီးယားက ကောင်တွေ ပေါချက်ကတော့ တောင်ပြုံးမှာတောင် နတ်ဝင်ကလိုက်သေးတယ်.. ဟဲ ဟဲ..
လုပ်ရဲပေါင်.. (သူ့တို့နိုင်ငံသွားပီး အွန်စောလေး နဲ့ ၂ ပါးသွားရရင်တော့ တမျိုးပေါ့)

မနေ့ကတော့ ရှမ်းပြည်သွားတာပေါ့ဗျာ့ .. အဲ ကိုရီးယား ၂ ကောင်က ..
တော်တော် အစားသောင်းကျန်းချက်က တော့ .. ကလော ဈေးထဲ ၀င်ရော.. အဲဒီမှာ ကောက်ညှင်းပေါင်းကို ငရုတ်ချဉ်နဲ့ တို့စားလိုစား.. ရေညှိနဲ့ လိတ်ပီး စားလို စား..

အဲဒီမှာ သခွားသီး သည်တွေ့ရော.. (ကိုရီးယားတွေက သခွားသီးဆို တော်တော်ကြိုက်တတ်တယ်တဲ့) ဘယ်လောက်လဲတဲ့.. သခွားသီးသယ်က ၄ လုံး ၅၀၀ တဲ့ .. အောင်မလေး ဗျာ.. သကောင့်သားတွေက တန်တယ်ဆိုပဲ.. ဟီး ဟီး.
ဝယ်ပီး ရေတောင်မဆေးဘူး ကိုက်စားနေလိုက်ကျတာ.. (ဒါတောင် ၀မ်းလျှောနေလို့တဲ့)

နောက်ပီး တောင်ပေါ်က ရွာတွေ လည်တော့ သနပ်ခါးလိမ်းထားတာတွေ့တော့ ဒီကောင်တွေ တောင်အဆင်းမှာ ရွံ့ ရေတွေဗျာ.. အဲဒါကို လက်နဲ့ လိမ်းနေတာ.. တော်တော် ညစ်ပတ်တဲ့ကောင်တွေ..

အဲဒါလေးပါဗျာ. ဘာရယ်မဟုတ်ဘူး.. မြင်မိလို့ ရေးလိုက်တာ.. တော်တော် ကို ဇရိုက် ကျတဲ့ကောင်တွေ .. ကြည့်မိရင် ပိုတောင် ရယ်ရမှာပါ

Monday, January 28, 2013

အမှုများတဲ့ကိုမင်းကိုနိုင်

အင်စိန်ထောင်အထူးတရားရုံးမှာ စက်တင်ဘာ ၁၃ ရက်နေ့ က မင်းကိုနိင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ရုံးထုတ်ပါတယ်။ မင်းကိုနိုင်ကို အလွန်များပြားလှတဲ့အမှုတွေနဲ့ နအဖ က စွဲချက်တင်ထားပါတယ်။အမှုတွေက ၃ နှစ်၊ ၅ နှ စ် ၇ နစ် အသီးသီးနဲ့ အမှုတွေကိုပေါင်းလိုက်ရင် နှစ်ပေါင်း ၁၀၀ ကျော်နေပါတယ်။

အဲဒီအမှုတွေထဲမှာ တရုတ်နဲ့ ရုရှားကို အသရေဖျက်တဲ့အမှုတောင်ပါလိုက်သေးသတဲ့။ ၂၀၀၅ ခုနစ်မှာ တရုတ်နဲ့  ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နအဖကိုအရေးယူဖို့ ဗီတိုသုံးတာကို မင်းကိုနိုင်နဲ့  ၈၈ ကျောင်းသား ခေါင်းဆောင်တွေက ကန့် ကွက်တဲ့ကြေညာချက်ထုတ်ပြန်ခဲ့လို့ ပါ။

ဒါကြောင့်မင်းကိုနိင်က ဘင်လာဒင်ကိုအမေရိကန်မိရင်တောင် ငါလောက်အမှုများမှာ မဟုတ်ဘူးလို့  ဟာသ လုပ်လိုက်တဲ့အခါမှာတော့ တရားရုံးကိုလာတဲ့သူတွေအားလုံး အုံးအုံးကျွတ်ကျွတ် ရယ်ကြပါတယ်။တရားသူကြီးကတော့သောက်ရှက်မရှိ မျက်နှာခပ်တင်းတင်းနဲ့  အားလုံးငြိမ်ကြ တိတ်ကြ လို့ အော်ဟစ်နေပါတယ်။

Tuesday, January 8, 2013

နှစ်ကြိမ်တည်းပါ

နှစ်ကြိမ်တည်းပါ

ဆရာဝန်။ ။ခင်ဗျားအရက်သောက်တာ များတယ်ထင်တယ်ဗျ

လူနာ ။ ။ မများပါဘူးဆရာနှစ်ကြိမ်တည်းပါ။ နေထွက်က နေ၀င်တစ်ကြိမ်၊

နေ၀င်ကနေထွက်တစ်ကြိမ်၊ ပါဆရာ
များများသောက်နိုင်ကြပါစေဗျာ...... :) :P :S

အားကျမခံ

 အားကျမခံ
အမေရိကန်တစ်ဦးနဲ့ ရုရှားတစ်ဦးက ကိုယ့်နိုင်ငံ ဘယ်လောက် လွတ်လပ်ကြောင်းဆိုတဲ့ စကားနဲ့ အငြင်းအခုန်ဖြစ်ကြတယ်။

အမေရိကန်က “ငါတို့အမေရိကန်မှာ လူတွေဘယ်လောက်အထိ လွတ်လပ်သလဲဆို အိမ်ဖြုတော်ပေါ်တက်ပြီး သမ္မတကိုဆဲနိုင်တယ်”

ဒါကို ရုရှားကလည်း အားကျမခံ ပြန်ပြောတယ်။

“ကျုပ်တို့ ရုရှားမှာလည်း အဲဒီလိုလွတ်လပ်မှုတွေရှိတယ်။ Kremlin စင်ပေါ်တက်ပြီး အမေရိကန်သမ္မတကို
လွတ်လွတ်လပ်လပ် ဆဲနိုင်တယ်”

ခင်ဗျားလိုပဲ့

ခင်ဗျားလိုပဲ့

မြို့တစ်မြို့တွင် လူတစ်ယောက်သည် လမ်းမကြီးရှိ ယာဉ် မရပ်ရသော မျဉ်းဝါနှစ်ထပ်တွင်
သူ၏ ကားကို ရပ်လိုက်ပြီး ရဲအရာရှိကို ပြောလိုက်သည်။
`ကျွန်တော် စာတိုက်မှာ စာသွားတည့်ချင်လို့ ဒီမှာပဲ ကားကို ရပ်လိုက်ပါတယ်၊
ခင်ဗျား ကျွန်တော့်ကို အရေးယူချင် ယူပါ´
`ကောင်းပြီလေ´ဟု ဆိုကာ ရဲအရာရှိက ချလန်စာရွက်ကို ရေးပေးလိုက်လေသည်။
ထို့နောက် ထိုလူက အခြားကားများလည်း ရပ်ထားသည်ကို တွေ့သဖြင့် မေးလိုက်
သည်။
`ဟိုမှာ တခြားကားတွေလည်း ကျွန်တော့်လိုပဲ ရပ်ထားတာ ခင်ဗျား ဘာဖြစ်လို့
အရေးမယူတာလဲ´
`သူတို့က ခင်ဗျားလို လာမပြောဘူးလေ´