အင်စိန်ထောင်အထူးတရားရုံးမှာ
စက်တင်ဘာ ၁၃ ရက်နေ့ က မင်းကိုနိင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို
ရုံးထုတ်ပါတယ်။ မင်းကိုနိုင်ကို အလွန်များပြားလှတဲ့အမှုတွေနဲ့ နအဖ က
စွဲချက်တင်ထားပါတယ်။အမှုတွေက ၃ နှစ်၊ ၅ နှ စ် ၇ နစ် အသီးသီးနဲ
့အမှုတွေကိုပေါင်းလိုက်ရင် နှစ်ပေါင်း ၁၀၀ ကျော်နေပါတယ်။
အဲဒီအမှုတွေထဲမှာ
တရုတ်နဲ့ ရုရှားကို အသရေဖျက်တဲ့အမှုတောင်ပါလိုက်သေးသတဲ့။ ၂၀၀၅ ခုနစ်မှာ
တရုတ်နဲ့  ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နအဖကိုအရေးယူဖို
့ဗီတိုသုံးတာကို မင်းကိုနိုင်နဲ့  ၈၈ ကျောင်းသား ခေါင်းဆောင်တွေက ကန်
့ကွက်တဲ့ကြေညာချက်ထုတ်ပြန်ခဲ့လို့ ပါ။
ဒါကြောင့်မင်းကိုနိင်က
ဘင်လာဒင်ကိုအမေရိကန်မိရင်တောင် ငါလောက်အမှုများမှာ မဟုတ်ဘူးလို့  ဟာသ
လုပ်လိုက်တဲ့အခါမှာတော့ တရားရုံးကိုလာတဲ့သူတွေအားလုံး အုံးအုံးကျွတ်ကျွတ်
ရယ်ကြပါတယ်။တရားသူကြီးကတော့သောက်ရှက်မရှိ မျက်နှာခပ်တင်းတင်းနဲ့ 
အားလုံးငြိမ်ကြ တိတ်ကြ လို့ အော်ဟစ်နေပါတယ်။
No comments:
Post a Comment