Monday, January 28, 2013

အမှုများတဲ့ကိုမင်းကိုနိုင်

အင်စိန်ထောင်အထူးတရားရုံးမှာ စက်တင်ဘာ ၁၃ ရက်နေ့ က မင်းကိုနိင်နဲ့ ကျောင်းသားခေါင်းဆောင်တွေကို ရုံးထုတ်ပါတယ်။ မင်းကိုနိုင်ကို အလွန်များပြားလှတဲ့အမှုတွေနဲ့ နအဖ က စွဲချက်တင်ထားပါတယ်။အမှုတွေက ၃ နှစ်၊ ၅ နှ စ် ၇ နစ် အသီးသီးနဲ့ အမှုတွေကိုပေါင်းလိုက်ရင် နှစ်ပေါင်း ၁၀၀ ကျော်နေပါတယ်။

အဲဒီအမှုတွေထဲမှာ တရုတ်နဲ့ ရုရှားကို အသရေဖျက်တဲ့အမှုတောင်ပါလိုက်သေးသတဲ့။ ၂၀၀၅ ခုနစ်မှာ တရုတ်နဲ့  ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နအဖကိုအရေးယူဖို့ ဗီတိုသုံးတာကို မင်းကိုနိုင်နဲ့  ၈၈ ကျောင်းသား ခေါင်းဆောင်တွေက ကန့် ကွက်တဲ့ကြေညာချက်ထုတ်ပြန်ခဲ့လို့ ပါ။

ဒါကြောင့်မင်းကိုနိင်က ဘင်လာဒင်ကိုအမေရိကန်မိရင်တောင် ငါလောက်အမှုများမှာ မဟုတ်ဘူးလို့  ဟာသ လုပ်လိုက်တဲ့အခါမှာတော့ တရားရုံးကိုလာတဲ့သူတွေအားလုံး အုံးအုံးကျွတ်ကျွတ် ရယ်ကြပါတယ်။တရားသူကြီးကတော့သောက်ရှက်မရှိ မျက်နှာခပ်တင်းတင်းနဲ့  အားလုံးငြိမ်ကြ တိတ်ကြ လို့ အော်ဟစ်နေပါတယ်။

Tuesday, January 8, 2013

နှစ်ကြိမ်တည်းပါ

နှစ်ကြိမ်တည်းပါ

ဆရာဝန်။ ။ခင်ဗျားအရက်သောက်တာ များတယ်ထင်တယ်ဗျ

လူနာ ။ ။ မများပါဘူးဆရာနှစ်ကြိမ်တည်းပါ။ နေထွက်က နေ၀င်တစ်ကြိမ်၊

နေ၀င်ကနေထွက်တစ်ကြိမ်၊ ပါဆရာ
များများသောက်နိုင်ကြပါစေဗျာ...... :) :P :S

အားကျမခံ

 အားကျမခံ
အမေရိကန်တစ်ဦးနဲ့ ရုရှားတစ်ဦးက ကိုယ့်နိုင်ငံ ဘယ်လောက် လွတ်လပ်ကြောင်းဆိုတဲ့ စကားနဲ့ အငြင်းအခုန်ဖြစ်ကြတယ်။

အမေရိကန်က “ငါတို့အမေရိကန်မှာ လူတွေဘယ်လောက်အထိ လွတ်လပ်သလဲဆို အိမ်ဖြုတော်ပေါ်တက်ပြီး သမ္မတကိုဆဲနိုင်တယ်”

ဒါကို ရုရှားကလည်း အားကျမခံ ပြန်ပြောတယ်။

“ကျုပ်တို့ ရုရှားမှာလည်း အဲဒီလိုလွတ်လပ်မှုတွေရှိတယ်။ Kremlin စင်ပေါ်တက်ပြီး အမေရိကန်သမ္မတကို
လွတ်လွတ်လပ်လပ် ဆဲနိုင်တယ်”

ခင်ဗျားလိုပဲ့

ခင်ဗျားလိုပဲ့

မြို့တစ်မြို့တွင် လူတစ်ယောက်သည် လမ်းမကြီးရှိ ယာဉ် မရပ်ရသော မျဉ်းဝါနှစ်ထပ်တွင်
သူ၏ ကားကို ရပ်လိုက်ပြီး ရဲအရာရှိကို ပြောလိုက်သည်။
`ကျွန်တော် စာတိုက်မှာ စာသွားတည့်ချင်လို့ ဒီမှာပဲ ကားကို ရပ်လိုက်ပါတယ်၊
ခင်ဗျား ကျွန်တော့်ကို အရေးယူချင် ယူပါ´
`ကောင်းပြီလေ´ဟု ဆိုကာ ရဲအရာရှိက ချလန်စာရွက်ကို ရေးပေးလိုက်လေသည်။
ထို့နောက် ထိုလူက အခြားကားများလည်း ရပ်ထားသည်ကို တွေ့သဖြင့် မေးလိုက်
သည်။
`ဟိုမှာ တခြားကားတွေလည်း ကျွန်တော့်လိုပဲ ရပ်ထားတာ ခင်ဗျား ဘာဖြစ်လို့
အရေးမယူတာလဲ´
`သူတို့က ခင်ဗျားလို လာမပြောဘူးလေ´