Monday, December 17, 2012

စောင်းမပြောနဲ့


စောင်းမပြောနဲ့
ကျွန်မ အလုပ်လုပ်နေသော စားသောက်ဆိုင်က မန်နေဂျာမှာ ပျော်ပျော်နေတတ်သဖြင့် လူချစ်လူခင်ပေါများသည်။ သို့ရာတွင် သူ့ရှေ့၌ သူ့အရပ်နှင့်ပတ်သက်ပြီး မည်သူမှ မပြောရဲကြချေ။ အကြောင်းမှာ သူသည် အလွန်အမင်း အရပ်ပုသောကြောင့်ပင်။ တစ်နေ့တွင် သူသည် ဆိုင်တံခါးကို ဒေါနှင့်မောနှင့်ဖွင့်ကာ ပြောလိုက်ပါသည်။
“ငါ ခါးပိုက်နှိုက်ခံရတယ်”
ကျွန်မနှင့် အပေါင်းအဖော် စားပွဲထိုးကောင်မလေးများမှာ မှင်သက်သွားကြသည်။ ထို့နောက် စားပွဲထိုးတစ်ယောက်၏ ပြောစကားကြောင့် မန်နေဂျာမှာ ပို၍ ဒေါသထွက်သွားတော့သည်။
“ဘယ်သူကများ ဒီလောက်တောင် ခါးကုန်းနိုင်ပါလိမ့်နော်”တဲ့။

No comments:

Post a Comment