Monday, December 17, 2012

မေ့တတ်ပုံများ


မေ့တတ်ပုံများ
သောမတ်(စ်) အက်ဒီဆင်သည် အန်ဂျေအော်ရိန်းတွင် ရထားတစ်စင်းပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့သည်။ တီထွင်သူပညာရှင်ကြီးရဲ့ မေ့တတ်ပုံကိုသိသော ဘူတာရုံအုပ်က မေးသည်။
“မစ္စတာ အယ်ဒီဆင်…ခင်ဗျား တစ်ခုခု ကျန်နေသေးသလား”
အယ်ဒီဆင်က ခရီးဆောင်အိတ်များကို အမြန်ရေရင်း ပြန်ဖြေလိုက်သည်။
“မကျန်ပါဘူးဗျာ။ အားလုံးပါပါတယ်”
ထိုသို့ပြောရင်း သူသည် ရထားပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ထို့နောက် ခရီးဆောင်အိတ်ကိုချရင်း စီးလာခဲ့သောရထားဆီသို့ ပြန်ပြေးသွားပါသည်။ သူ့ကို အလျင်စလိုဖြစ်အောင် သတိပေးလိုက်သောအရာမှာ ပျားရည်စမ်းခရီးမှ သူနှင့်အတူပြန်ပါလာသော သတို့သမီး၏မျက်နှာကို ပြတင်းပေါက်တွင် တွေ့လိုက်ရသောကြောင့်ပင်…။

No comments:

Post a Comment